သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များအား ပြင်ဆင်ဆောင်ရွက်

သရက် ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်များအား ပြုပြင်ဆောင်ရွက်ခြင်းကို ရွှေဟင်္သာကျွန်းကျေးရွာတွင် နေအိမ်((၆၇)လုံး၊ ညောင်ပင်သာကျေးရွာတွင် အိမ်(၃၃)လုံး၊ စုစုပေါင်း(၁၀၀)လုံးအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၄)သောင်းခွဲနှုန်းဖြင့် ထောက်ပံ့၍ ပြုပြင်ပေးခြင်းကို ယမန်နေ့နံနက်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြိုနယ်မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များ ပူးပေါင်းကာ နွေဦးကာလနှင့် မိုးကြိုကာလရာသီပြောင်းချိန်တွင် မုန်းတိုင်းဒဏ် လေပြင်းကျရောက်လေ့ရှိသဖြင့် အိုမင်းမစွမ်းအိမ်ထောင်စုများ၊ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများအား ထိခိုက်ဆုံးရှုံးမှု နည်းနိုင်သမျှနည်းစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နေအိမ်များတွင် ဝါးထရံအသစ်လဲပေးခြင်း၊ သွပ်နန်းကြိုးများ ချည်နှောင်ပေးခြင်းဖြင့် နေအိမ်တောင့်တင်းခိုင်မာမှုများဖြစ်စေရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

ဇော်ထက်(သရက်)