အောင်လံ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဇာမဏီကုမ္ပဏီနှင့် ပူးပေါင်း၍ တောင်သူအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ကသစ်ကန်ကျေးရွာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇာမဏီကုမ္ပဏီမှတာဝန်ခံ ဦးမောင်မောင်ထွေးက စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တိုက်နယ်တာဝန်ခံ ဦးအေးမင်းထွန်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုများ ဖြန့်ဖြူးနိုင်ရေးတို့ကို အသိပညာပေး ဟောပြောဆွေးနွေးပြီး တက်ရောက်လာသော တောင်သူများမှ သိလိုသည်များကို မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)