ဘုတ်ပြင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆို

ဘုတ်ပြင်း ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက်က ကျောင်းသား ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ပညာရေးမှူးနှင့်သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများစသည့် ပူးပေါင်းအဖွဲ့များက စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စာမေးပွဲဖြေဆိုခြင်းကို ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-4 ကျောင်းသား ကျောင်းသူများကတစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် ဖေဖော်ဝါရီ ၁၅ ရက်အထိ လည်းကောင်း၊ Grade-6 ၊ Grade-7 ၊ Grade-8 ၊ Grade-10 ၊ Grade-11 Grade-12 မှ ကျောင်းသားကျောင်းသူများက တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖေဖော်ဝါရီလ(၂၀)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)