ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတန်းတင်စာမေးပွဲများကို ယမန်နေ့ နံနက်(၉)နာရီအချိန်မှစတင်၍ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အတန်းတင် စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ကျောင်းပတ်ဝန်းကျင် လုံခြုံရေး၊ ဆူညံသံများမဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်များခွဲဝေချထားဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများမှလည်း ပူးပေါင်းပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်