အောင်လံ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပြလို့ပေနက်အစမ်းတွင်း အမှတ်(၁)တွင်း တူးဖော်ရာတွင်ပါဝင်သည့် မြေနေရာ(၁၀.၄၁)ဧကအတွက် တောင်သူ(၇)ဦးအား မြေယာလျော်ကြေးပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် ပြလို့ပေနက်အစမ်းတွင်း အမှတ်(၁)၊ ကြီးကြပ်ရေးအင်ဂျင်နီယာမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်တို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြေနေရာ(၁၀.၄၁)ဧကမှ တောင်သူ(၇)ဦးအား မြေယာလျော်ကြေးငွေစုစုပေါင်း (၄၁၆၄၀၀၀၀/-) (ကျပ်လေးရာတစ်ဆယ့် ခြောက်သိန်းလေးသောင်းတိတိ)အား တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)