စေတုတ္တရာ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လှုမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အဖြစ် ကာယ၊ ဥာဏ စွမ်းရည်ပြိုင်ပွဲများကို အဆိုပါကျောင်းတွင် ယနေ့နံနက် ၉း၀၀ နာရီက စတင်ကျင်းပခဲ့သည်။
စေတုတ္တရာမူလတန်းကြိုကျောင်းတွင် ဆရာ၊ ဆရာမများက မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အဖြစ် ကာယ၊ ဥာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးရာတွင် ကျောင်းသား၊ ကျောင်းသူလေးများအား ဥာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် မရှုပ်ပွပုံပြင်၊ မပုလဲသွယ်နှင့် မဖားပြုပ်ပုံပြင်၊ ဂုဏ်ပြုကြစို့ကဗျာ၊ ဆင်ကဗျာ၊ ကလေးများနေ့သီချင်း၊ ရခိုင်ပြည်နယ် အလည်သွားကြမယ်သီချင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူအား ဆေးရောင်ခြယ်ပန်းချီဆွဲခြင်း အစရှိသည် ပျော်ပွဲ၊ ရွှင်ပွဲပြိုင်ပွဲများကို ကျင်းပသည်။
၎င်းပြိုင်ပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူမိဘများက အားပေးကြည့်ရှုခဲ့ပြီးနောက် ကျောင်းသား/သူလေးများအတွက် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ အသိပညာဗဟုသုတတိုးပွား၍ ထူးချွန်ထက်မြက်သော ကလေးငယ်များဖြစ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း စေတုတ္တရာမူလတန်းကြိုကျောင်းရှိ ဆရာမများထံမှ သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)