ကော့သောင်းမြို့တွင် (၇၇)နှစ်မြာက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကျင်းပ

ကော့သောင်း ဖေဖော်ဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က လူငယ်အသင်း (Youth Club) အဖွဲ့ဝင်များ အနေဖြင့် မြန်မာ့သမိုင်းနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရန် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို  အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ၊ မိန့်ခွန်းကောက်နုတ် ချက်များ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ကဗျာနှင့် ကာတွန်းများ ပါဝင်သည့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအား တက်ရောက်လာသည့် လူငယ်အသင်း (Youth Club) အသင်းသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)