စလင်းမြို့နယ်၌ ပန်းခင်းစီမံချက် (၃) ဖြင့် သနပ်ကုန်းကျေးရွာကျေးလက်နေ ပြည်သူများသို့ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

စလင်း ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ သနပ်ကုန်းကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လဝက ဦးစီးမှူး ရုံးဝန်ထမ်းများမှ အုပ်စုများခွဲ၍  ယနေ့နံနက် (၉) နာရီခွဲအချိန်မှစတင်ကာ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ သနပ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ အသက် (၁၈) နှစ်ပြည့်ပြီးသူများနှင့် ၂၀၀၈ ခုနှစ်အထက် မွေးဖွားသူများ တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးနိုင်ရေး ရှေ့ပြေးပုံစံနှင့်နိုင် ရှေ့ပြေးပုံစံနှင့်နိုင်-၂ ပုံစံများကောက်ယူပြီး လက်ဗွေနှိပ်ယူခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းများပြုလုပ်ကာ စလင်းမြို့နယ် သနပ်ကုန်းကျေးရွာအုပ်စုအတွင်း နေထိုင်သူပြည်သူများကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း  ရပ်ကွက်နှင့်  ကျေးရွာများအရောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်းများက ဖေဖော်ဝါရီ (၈) ရက်နေ့မှစတင်ကာ ကွင်းဆင်း၍   နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရာ (၂၅၇) ဦး၊ ဖေဖော်ဝါရီ (၉) ရက်နေ့တွင် လူဦးရေ (၂၈၁) ဦး ဆောင်ရွက်ပြီးစီးခဲ့သည်   ပြုလုပ်ရန်ကျန်ရှိနေသေးသည့် သနပ်ကုန်းကျေးရွာအုပ်စုတွင် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့်  ကျေးရွာများ၌ လည်းကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးတင်အေးထံမှ သိရှိရသည်။

(မောင်လွင်)စလင်း