မုံရွာ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီအချိန်တွင် မုံရွာမြို့၊ ကန်သာယာ ပြည်ထောင်စုကျွန်း၌ ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းစသည်တို့မှ ကျောင်းသား/ကျောင်းသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံမှ သင်တန်းသား၊ သင်တန်းသူများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ၊ ဂုဏ်ပြုတပ်ခွဲတို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဲ့ဒီနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများအား ပြသခဲ့ရာ အခမ်းအနား တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ကြည်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံမှ သင်တန်းသား/သင်တန်းသူများ၊ ပြည်သူများ၏ ကျား/မဂုံနီအိတ်စွပ်၊ စကောရွက်၊ အာလူးကောက်၊ ခြေပူးအပြေး၊ မီတာ ၂၀၀ အပြေးပြိုင်ပွဲများနှင့် ကျား/မ လွန်ဆွဲပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျား/မ လွန်ဆွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော အသင်းများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသားပိုက်ကျော်ခြင်း ၃ ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အမျိုးသားပိုက်ကျော်ခြင်း ၂ ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော အသင်း များအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး သံယံဇာ တရေးရာဝန်ကြီးက အမျိုးသားအကြီးတန်းမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက အမျိုးသမီးအကြီးတန်းမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က အမျိုးသားအကြီးတန်းမီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးက အမျိုးသမီးအကြီးတန်းမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အမျိုးသား/အမျိုးသမီး အကြီးတန်း မီတာ ၅၀ ခြေပူးအပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အကြီးတန်း မီတာ ၅၀ အာလူး ကောက်ပြိုင်ပွဲ၊ အမျိုးသမီး အကြီးတန်း မီတာ ၅၀ ဇကောရွက်ပြိုင်ပွဲ၊ အမျိုးသား/အငယ်တန်း အမျိုးသမီး မီတာ ၅၀ အလွတ်တန်း အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အငယ်တန်း မီတာ ၅၀ ခြေပူးအပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အငယ်တန်း မီတာ ၅၀ အာလူးကောက်ပြိုင်ပွဲများ တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါနံနက်ပိုင်းတွင် မုံရွာမြို့၊ ကန်သာယာ ပြည်ထောင်စုကျွန်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကိုကျင်းပရာ နံနက်(၅)နာရီ မိနစ်(၃၀)အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်တင်ကာ အလေးပြုခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ပြုတပ်ခွဲနှင့် လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)