အောင်လံမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

အောင်လံ ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အောင်မြေရွှေဝါအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားမှူး ဒေါ်စုမြတ်ခိုင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ ပြိုင်ပွဲဝင်အသင်းများ အား အားစားသမားအချင်းချင်း ရိုင်းပင်းကူညီပြီး၊ အားကစားသမားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကြရန် ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အောင်လံမြို့နယ်ရှိ ရပ်ကွက်မှ ဘောလုံးဝါသနာရှင်များစုပေါင်း၍ ဘောလုံးပြိုင်ပွဲတွင် (၅) သင်းဖွဲ့စည်းကာ ပတ်လည်ပြိုင်ပွဲဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများအားမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်က ဆုငွေနှင့် ဒိုင်းဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)