ကာလိမြို့၌ (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာ စိုက်ထူခြင်း ဆောင်ရွက်

ကာလိ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၁၄ ခုနှစ်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသာရေးဦးတည်ချက် (၅) ရပ်ပါ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ဖေဖော်ဝါရီ ၁၁ရက်နေ့ နေ့လယ် (၁၂) နာရီအချိန်က ပြည်ထောင်စုလမ်းမကြီးဘေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၁၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသာရေးဦးတည်ချက် (၅) ရပ်ပါ မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့စည်ပင်သာယာ ရေးဌာန မြို့ဦးစီးမှူး ဦးခင်ဇော်ဦး ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်း၊ မြို့စည်ပင်သာယာရေးဦးစီးဌာန မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)