လေရှီး နိုဝင်ဘာ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြန်မာ-အိန္ဒိယချစ်ကြည်ရေး စီမံကိန်းဖြင့် အိန္ဒိယနိုင်ငံအထောက်အပံ့ရန်ပုံငွေ ကျပ်(၁၇၅.၃၃၅)သန်းဖြင့် ဆောင်ရွက် သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ကူကီး ရွာမကျေးရွာ (အ.ထ.က) ကျောင်း (၉၀၃၀)ပေ (RC) (၂)ထပ် ကျောင်းဆောင် တည်ဆောက်ရေးလုပ်ငန်းအား လေရှီးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ် ရေးမှူး၊ ဦးခင်မောင်လင်း (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းကို သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းအား ဟောလေးလံဝါးကုမ္ပဏီမှ (စတုတ္ထအကြိမ်) အိန္ဒိယနိုင်ငံ အထောက်အပံ့ ရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အဆောက်အဦအမျိုးအစားမှာ (RC) ရေ၊ မီး၊ မီလ္လာအပါအဝင် (၂)ထပ်ကျောင်း ဆောင်ဖြစ်ကြောင်း သိရသည်။
ယင်းကျောင်းဆောင် တည်ဆောက်ပေးခြင်းအားဖြင့် လေရှီးမြို့နယ်၊ ကူကီးရွာမကျေးရွာ အုပ်စုအတွင်းရှိ နေထိုင်ကြသော ဒေသခံပြည်သူများ၏ ပညာရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းနှင့် ကျောင်းနေအရွယ် ကလေးသူငယ်များအား ပညာရေး အထောက်အပံ့များ အကျိုးပြု သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခဘိုး (လေရှီး)