အောင်လံ ဖေဖော်ဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ညောင်ပင်ဆိပ်ကျေးရွာအုပ်စု ညောင်ပင်ဆိပ်ကျေးရွာတွင် ညောင်ပင်ဆိပ်နယ်မြေမီးသတ်စခန်းသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်အဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒီနေ့ဖွင့်လှစ်တဲ့ နယ်မြေမီးသတ်စခန်းသည် ညောင်ပင်ဆိပ် ကျေးရွာအနီးတဝိုက်မှာရှိတဲ့ကျေးရွာများက ပြည်သူများအတွက် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး နယ်မြေမီးသတ်စခန်းသစ်အား သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီမှ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးထံ လွဲပြောင်းပေးအပ်ခဲ့ကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း (ပြန်/ဆက်)