တမူးမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တမူး ဖေ​ဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်းနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေက တမူးမြို့အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ပိုက်ကျော်ခြင်းကွင်းနှင့် ဝန်ထမ်းအိမ်ယာတို့တွင် ကျင်းပ​ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရာပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဌာနဆိုင်ရာ အသီးသီးမှပြိုင်ပွဲဝင် အသင်း (၇) သင်းတို့ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြ၍ ဗိုလ်လုပွဲစဥ်အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် ကျန်းမာရေးဦးစီးဌာန အသင်းတို့ယှဥ်ပြိုင်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းမှ အနိုင်ရရှိခဲ့ပြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဌာနဆိုင်ရာအသီးသီးမှ ပြိုင်ပွဲဝင် (၂၁) ဦးတို့ ယှဥ်ပြိုင်ခဲ့ကြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့်အသင်းများနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိကြသည့် အားကစားသမားများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပြိုင်ပွဲကျင်းပ​ရေးကော်မတီများမှ ဆုများချီးမြှင့်ခဲ့ကြကြောင်း  သိရသည်။

ရတနာ