မြိတ်မြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

မြိတ် ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဖေဖော်ဝါရီလ(၁၂)ရက် နံနက်ပိုင်းက ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို  မြို့မအားကစား ကွင်းတွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို နံနက်(၅)နာရီခွဲတွင်ကျင်းပရာ နိုင်ငံတော်အလံအား ရဲတပ်ဖွဲ့ဝင်များက အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုခဲ့ကြသည်။

သဝဏ်လွှာဖတ်ပွဲကို နံနက်(၇)နာရီတွင် ဆက်လက်ကျင်းပရာ နိုင်ငံတော်အလံနှင့် အာဇာနည် ခေါင်း ဆောင်ကြီးများအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ တိုင်းရင်းသား/သူများနှင့် လူမှုရေးအသင်း အဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုကြ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ဖတ်ကြားသည်။ ဆက်လက်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)