သရက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာယဗလနှင့် ကိုယ်ကာယကြံ့ခိုင်မှု ပြိုင်ပွဲကျင်းပ

သရက် ဖေဖော်ဝါရီ ၁၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာယဗလနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့နံနက်(၁၀:၃၀)နာရီက သရက်ခရိုင် အားကစားကွင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရှေ့ဦးစွာ ကာယဗလမောင် လူသစ်တန်းယှဉ်ပြိုင်ခဲ့ကြပြီး  ကာယဗလမောင်လူဟောင်းများမှ သရုပ်ပြသဆောင်ရွက်ပေးခဲ့ကာ ကာယကြံ့ခိုင်မှုပြိုင်ပွဲများ ဆက်လက်ကျင်းပပေးခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ကာယဗလမောင်နှင့် ကိုယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲများတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူအသီးသီးက ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)