စစ်ကိုင်း ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းမြို့တွင် (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏလွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၅) နာခွဲက ရွှေမင်းဝံပန်းခြံအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်အလံ အလေးပြုခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်/မြို့နယ်ဂုဏ်ပြုရဲတပ်ဖွဲ့မှ ဦးဆောင်၍ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက နိုင်ငံတော်အလံအား အလေးပြုကြသည်။
ဆက်လက်၍ နံနက်(၇)နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာကို စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်ကဖတ်ကြားပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)