တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၁၂

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ကျင်းပခဲ့သည်။ ဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးထွန်းတို့က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများတို့က ဌာနဆိုင်ရာ များ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်မှု ပြကွက်များနှင့် မှတ်တမ်းဓာတ်ပုံများ၊ မှတ်တမ်းမှတ်ရာပစ္စည်းများနှင့် လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်း မှထွက်ရှိသော ဒေသထွက်ကုန်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် တူရိယာပစ္စည်းများ၊ ဒေသမှထွက်ရှိသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၊ အသေးစား စက်မှုလက်မှုထုတ်ကုန်များ စသည့်ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုအားပေး သည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ခင်းကျင်းပြသထားလျက်ရှိရာ ဒေသခံပြည်သူများက ပြခန်းများကို စိတ်ပါ ဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြခန်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ခင်းကျင်း ပြသပေးသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုသောဒေသခံပြည်သူများအား ထားဝယ်ရိုးရာယဉ်ကျေးမှု အကများနှင့် တေးသံရှင်များက စင်တင်တေးဂီတများဖြင့် သီဆိုဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)