အောင်လံ ဖေဖော်ဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က အောင်မြေရွှေဝါ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပြိုင်ပွဲဝင် အသင်းများအား အားစားသမားအချင်းချင်း ရိုင်းပင်းကူညီပြီး အားကစားသမားစိတ်ဓာတ်အပြည့် ဖြင့် ယှဉ်ပြိုင်ကစားသွားကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန အားကစားမှူး ဒေါ်စုမြတ်ခိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများအား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အောင်လံမြို့နယ်ရှိ ရပ်ကွက်မှ ဘောလုံးဝါသနာရှင်များ စုပေါင်း၍ ဘောလုံး ပြိုင်ပွဲတွင် (၅) သင်းဖွဲ့စည်းကာ ပတ်လည်ပြိုင်ပွဲဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
မျိုးသိန်း(ပြန်/ဆက်)