ညောင်တုန်းမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ညောင်တုန်း ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုက်သစ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်တို့မှ တိုက်သစ်လမ်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်‌မောင်ဦးနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်တို့ကကွန်ကရစ်လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များပေးအပ်ခဲ့ပြီး  တာဝန်ရှိသူများက တိုက်သစ်လမ်း ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ တိုက်သစ်လမ်း ကွန်ကရစ်လမ်းသစ်မှာ အရှည် (၂၀၈၁) ပေ၊ အကျယ် (၂၂) ပေ၊ ထု(၈)လက်မရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၈၆.၇၃) သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)