ကျိုက်လတ်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကျိုက်လတ် ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဖေဖော်ဝါရီလ ၉ ရက်နေ့‌ မွန်းလွဲ ၃နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့မ (၁) အသင်းနှင့် မြို့မ (၂) အသင်းတို့က နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြို့မ (၂) အသင်းက မြို့မ (၁) အသင်းကို ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနား ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဗိုလ်မှူးရဲမင်းက ပထမဆုရရှိသွားသည့် မြို့မ (၂) အသင်း၊ အဖွဲ့ဝင် ၂ ဦးစိန်မြင့်က ဒုတိယဆုရရှိသွားသည့် မြို့မ (၁) အသင်း၊ မြို့နယ်စည်ပင်သာယာအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်းက တတိယဆုရရှိသွားသည့် မြို့မ (၄) အသင်းနှင့် တာဝန်ရှိသူများက အခြားထူးချွန်ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဗိုလ်မှူးရဲမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲကို အုပ်စု (၂) ခုခွဲ၍ အသင်း (၁၀) သင်း ဖြင့် ဇန်နဝါရီလ (၂၅) ရက်နေ့မှ ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်