နတ်မောက် ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် သဘာဝဘေးဒဏ်ခံနိုင်သောရပ်ရွာဖြစ်စေရေး အိုးအိမ်များအား ဖြည့်ပြင်ဆင်မွမ်းမံခြင်းများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အင်းကုန်း(တ) ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာဆိုင်အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များပူးပေါင်းကာ နွေဦးကာလနှင့် မိုးကြိုကာလရာသီပြောင်းချိန်တွင် မုန်တိုင်းဒဏ်၊ လေပြင်းကျရောက်လေ့ရှိသဖြင့် အိုမင်းမစွမ်းအိမ်ထောင်စုများ၊ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများအား ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းစေရန်စသည့်ရည်ရွယ်ချက်များဖြင့် အင်းကုန်း (တ) ကျေးရွာရှိ နေအိမ်များတွင် ဝါးထရံအသစ်လဲပေးခြင်း၊ သွပ်နန်းကြိုးများ ချည်နှောင်ပေးခြင်းဖြင့် နေအိမ်တောင့်တင်းခိုင်မာမှုများဖြစ်စေရန် မွမ်းမံခြင်းကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း