မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် ညောင်တုန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းလုပ်ငန်းများအား ကြည့်ရှုအားပေး

ညောင်တုန်း ဖေဖော်ဝါရီ  ၁၁

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်နှင့် အဖွဲ့ဝင်များ ယမန်နေ့ နံနက်ပိုင်းက ညောင်တုန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးသို့ ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် တွေ့ဆုံ၍ ရုံးအဆောက်အအုံများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်နှင့် အဖွဲ့ဝင်များသည် ဆားမလောက်ကျေးရွာအုပ်စုရှိ မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းခွဲ မူလတန်းကြိုကျောင်းသို့ ရောက်ရှိရာ မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအတွက် ထောက်ပံ့ငွေများ၊ အဟာရဖြည့်အစားအစာများ၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဆင်ထုံးကျေးရွာအုပ်စု၊ ကြိမ်ပင်ဆယ်ကျေးရွာရှိ မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းခွဲ သားဖွားခန်းသို့ရောက်ရှိလာပြီး ကိုယ်ဝင်ဆောင်မိခင်များအတွက် အဟာရဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး သားဖွားခန်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည့် ကျန်းမာရေးကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)