စစ်ကိုင်း ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ (၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေပြင်တင်းနစ်ပြိုင်ပွဲနှင့် ဆုရရှိခဲ့ကြသူများအား ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့ ညနေ (၄) နာရီက တင်းနစ်ပြိုင်ပွဲကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် စစ်ကိုင်းမြို့နယ်ရှိ (၂) ယောက်တွဲ အသင်းပေါင်း (၂၄) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် အဖွဲ့ (၁) နှင့် အဖွဲ့ (၂) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အဖွဲ့ (၁) အသင်းက အနိုင်ရရှိခဲ့ပြီး စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များအား တစ်ဦးချင်းဆုနှင့် ပထမ၊ ဒုတိယ၊ တတိယဆုရအသင်းများကို ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။
စစ်ကိုင်းခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် (၇၇) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆင့်မြင့်ကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ပူးပေါင်းကာ အားကစားမျိုးစုံပြိုင်ပွဲများ ကျင်းပပေးပြီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်