ဖျာပုံမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေး စာအုပ်စာ​စောင်များ ပြသဆောင်ရွက်

ဖျာပုံ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ညာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် စာဖတ်ခြင်း အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေး စာအုပ်စာ​စောင်များ ပြသဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ (၈) ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါခန်းမ၌ ပြုလုပ်ဆောင်ရွက်ကြသည်။

အဆိုပါ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအား အသိပညာပေးဟောပြောပြီး ဦးစီးအရာရှိ ဒေါ်မာမာလွင်က "စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ" ကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောသည်။ ထို့နောက် အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက ပြိုင်ပွဲများအလိုက်  ပါဝင်ယှဥ်ပြိုင်ကြရာ  ဆုရရှိကြသူများအား ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးနှင့် တာဝန်ရှိသုများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)