မုံရွာ ဖေဖော်ဝါရီ ၁၀
(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ်တွင် ထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ကျောင်းဝန်းအတွင်းရှိ အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ကျောင်းများမှ ပါမောက္ခချုပ်/ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မုံရွာပညာရေးဒီဂရီကောလိပ် မြန်မာစာဌာနပါမောက္ခ ဒေါ်ယဉ်ယဉ်ကြည်က ထမနဲပွဲ အကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး ဒိုင်အဖွဲ့များက တစ်ဦးချင်း မိတ်ဆက်ကြကာ မုံရွာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နွဲ့အေးက အမှတ်ပေး စည်းမျဉ်းများအား ရှင်းလင်းဖတ်ကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသင်းလိုက်ပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေး ကာ ထမနဲထိုးပြိုင်ပွဲအား စတင်ဆင်နွှဲကြသည်။ ဆက်လက်ပြီး တိုင်ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲကျင်းပနေစဉ်အတွင်း မုံရွာပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊ သင်တန်းသူများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှူအား ကြည့်ရှုအားပေးကြ သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု ရရှိကြသော အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်မှ သချာၤစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေ သကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသူများ အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူးမှ ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသော သင်တန်းသား၊ သင်တန်းသူ များအား ဂုဏ်ပြုချီးမြင့်ငွေများ အသီးသီးပေးအပ်ချီးမြင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)