ရေကြည် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင် ပြီးဘက်စုံထူးချွန်ထက်မြက်စေရန် ရည်ရွယ်၍ ရေကြည် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်ဟောပြောပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီတွင် အ.မ.က (ကြာကန်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အ.မ.က (ကြာကန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာသန်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က ပြည်ထောင်စုနေ့ဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးက အားကစားပြုလုပ်ခြင်း၏ အကျိုး ကျေးဇူး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချယ်ရီမြင့်က ရွေးချယ်စားသောက်ရမည့် အစားအသောက်ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြသည်။
ထို့နောက် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရေကြည်မြို့နယ်ရုံးမှ ပြသထား သော နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
မိုးစီ (ပြန်/ဆက်)