ညောင်တုန်း ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ဆောင်းရာသီအေရိုးဗစ်သင်တန်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပန်းဧရာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကျော်မျိုးထက်နှင့် ကျောင်းအုပ် ဆရာကြီးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုစုခင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်သူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်းရာသီ အေရိုးဗစ်သင်တန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)