အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်း(အကြိုဗိုလ်လုပွဲ)ပြိုင်ပွဲများ ကျင်းပ

ကသာ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်း(အကြိုဗိုလ်လုပွဲ)ပြိုင်ပွဲကို ဧရာရွှေလီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံပိုက်ကျော်ခြင်း(အကြိုဗိုလ်လုပွဲ)ပြိုင်ပွဲကို ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပိုက်ကျော်ခြင်းအသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပတ်လည်အားကစားပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားအသင်းနှင့် (ရေဘုတ်)အခြေခံပညာအလယ်တန်းကျောင်း အားကစားအသင်းတို့ ယှဉ်ပြိုင်ကြရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားအသင်းကလည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အားကစားအသင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အားကစားအသင်းတို့ယှဉ်ပြိုင်ကြရာတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အားကစားအသင်းတို့က အနိုင်ရရှိကြ၍ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။

အခြေခံပညာကျောင်းပေါင်းစုံ(အကြိုဗိုလ်လုပွဲ)ပြိုင်ပွဲသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ မြို့ပေါ်ရှိရပ်ကွက်များမှ ပြည်သူတို့က တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)