ငရုတ်ကောင်း ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ဒေသအတွင်း၌ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာအုပ်စု၊ သစ်ရောင်းကျေးရွာ သန္တိသုခ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ရာဇာစိုး၊ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး မြင့်ဆွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မှူး ဦးမင်းအောင်၊ ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့် ဌာနဆိုင်ရာများမှ ကျေးရွာ အုပ်စုများအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ သဘာဝဘေးကြိုတင်ကာကွယ် ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ရိုးပြတ်ကျန်စိုက်ဧကများအပေါ် စိုက်ပျိုးမည့် စီမံချက်များ၊ စီမံကိန်းသီးနှံ (နေကြာ၊ ကော်ဖီ၊ ပိုက်ဆံလျှော်) စိုက်ပျိုးမည့်စီမံချက်များ၊ စီမံကိန်းသီးနှံများအား ဧကပြည့်မီစွာ စိုက်ပျိုးနိုင်စေရေး ဆောင်ရွက်နေမှုများ၊ စိုက်ဘဏ် ချေးငွေကြွေးကျန်များ ပြန်လည်ပေးဆပ်ကြရန်အတွက် သတင်းစကားများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှ ကျေးရွာအတွက် လိုအပ်လျက်ရှိသော လမ်း၊ တံတား၊ ဆေးပေးခန်းကိစ္စရပ်များ တင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)