ကျုံပျော်မြို့နယ် ရွာသစ် အ.လ.က တွင် တိုင်းရင်းဆေးအကြောင်းသိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေးကုသခြင်းများဆောင်ရွက်

ကျုံပျော် ဖေဖော်ဝါရီ ၉

ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အနာရောဂါ ကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေးကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊  ရွာသစ်ကျေးရွာ အလယ်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျုံပျော်မြို့ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်ရင်းဆေးမှူး ဒေါ်ဇင်လဲ့မွန်က ရွာသစ် ကျေးရွာ အလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေး အကြောင်း သိကောင်းစရာ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ကျန်းမာရေး၊ မီးဖိုချောင်သုံး ပစ္စည်းများဖြင့်  ဆေးမြီးတို ကုသနည်း၊ သက်ရှည်ကျန်းမာအောင် စားသောက် နေထိုင်နည်း စသည့်အကြောင်းအရာများအား အသိပညာပေး ဟောပြောသည်။

ထို့နောက် ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများအား  တစ်ဦးချင်းအလိုက် တိုင်းရင်းဆေး  အခမဲ့ ကုသခြင်းများကို ဆောင်ရွက်ကာ ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)