စစ်ကိုင်းမြို့တွင် (၂)နှစ်အောက် ကလေးငယ်များ၊ အမျိုးသမီးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်း များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး

စစ်ကိုင်း နိုဝင်ဘာ ၁

စစ်ကိုင်းမြို့တွင် (၂)နှစ်အောက် ကလေးငယ်များ၊ အမျိုးသမီးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ဒေသန္တရ ကျန်းမာရေးဌာနနှင့် ရွာထောင်မီးရထားရပ်ကွက်တို့တွင်  ယနေ့ နံနက်ပိုင်းက  ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

" ကျွန်မတို့ ဒေသန္တရကျန်းမာရေးဌာနမှာ ရပ်ကွက်ကြီးရှစ်ရပ်ကွက်ရှိပါတယ် လစဉ်လဆန်းရက် တွေမှာ ကာကွယ်ဆေးပုံမှန် ထိုးပေးနေပါတယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလတွေ ဖြစ်တဲ့ (၄)လပိုင်းနဲ့(၅)လပိုင်းတွေမှာတော့ ရပ်နားထားပါတယ် (၆)လ၊ (၇)လပိုင်းနဲ့(၈)လပိုင်းမှာတော့ ပုံမှန်ကာကွယ် ဆေးကို ပေါင်းထိုးပေးတော့ လာရောက်ထိုးနှံသူတွေများလာတာပါ အခုစက်တင်ဘာလ ဆန်းကနေစပြီး ကျန်မာရေးနဲ့အညီ ပုံမှန်ထိုးပေးသွားတော့မှာပါ တစ်နေ့ကို ရပ်ကွက်(၄)ရပ်ကွက်နဲ့ (၂)ရက်ဆက်တိုက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးသွားမှာပါ"ဟုကျန်းမာရေးဆရာမ ဒေါ်သန်းသန်းဆွေ က ပြောကြားခဲ့သည်။

ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် (၂)နှစ်အောက် ကလေးငယ်များကိုတော့ ပိုလီယို၊ ဝက်သက် ဂျိုက်သိုးနဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးနဲ့ (၉)နှစ်၊(၁၀)နှစ်ပြည့် အမျိုးသမီးငယ် များကို တော့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်  ကာကွယ်ဆေးများ ထိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်(ပြန်/ဆက်)