ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစွည်များအား လွှဲပြောင်းပေးအပ်

ဟုမ္မလင်း        နိုဝင်ဘာ     ၁  

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပေးပို့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစွည်းများ လွှဲပြောင်းပေးအပ်ပွဲကို  ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဟုမ္မလင်းမြို့ မြို့နယ် အားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါ ပစွည်းများကို စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ကိုယ်စား တိုင်းဒေသကြီး လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဦးစိုးတင့်အောင်က ဟုမ္မလင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးထင်ကျော်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ရေးပစွည်းများအား ဟုမ္မလင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ကျေးရွာများရှိ ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ချန်လော ( ဟုမ္မလင်း )