အုတ်ဖိုမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်းကွန်ကရစ်ဘီးလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

အုတ်ဖို ဖေဖော်ဝါရီ ၁၀

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မတောင့်တအုပ်စု၊ ရှမ်းစုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် သာယာဝတီခရိုင် ကျေးလက်ဒေသဖွဲ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားကာ  ရပ်ကွက်နေပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွဲ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအောင်ကိုတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

အဆိုပါလမ်းမှာ အရှည် ၁၃၀၀ ပေ၊ အကျယ် ၃ပေ၊ အမြင့် ၆ လက်မရှိကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ လမ်းအားလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)