ရွှေကျင် ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာနေ တောင်သူဦးခင်အောင် ကွင်းအမှတ်-၉(က) ဝဲကြီးကွင်း ဦးပိုင်အမှတ် (၃၂/၂) ရှိ ကိုင်းမြေအတွင်းရှိ မြေပဲမျိုး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အနောက်ဘက်ကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာနေ တောင်သူဦးခင်အောင် ကွင်းအမှတ်-၉(က) ဝဲကြီးကွင်း ဦးပိုင်အမှတ် (၃၂/၂) တွင် စိုက်ပျိုးထားရှိသည့် ကိုင်းမြေ (၇)ဧကတွင်းမှ ဗီယက်နမ် မြေပဲမျိုး စံကွက် အရွယ်အစား (၀.၁၀) ဧက ရိတ်သိမ်းပွဲကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ မြေစာရင်းဦးစီးမှူးဦးအေးကိုနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မြင့်ထွေးနှင့်ဝန်ထမ်းများ၊ ကျေးရွာ(လယ်/စီ) အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အထွက်နှုန်းဖြင့် (၁) ဧကလျှင် (၁၀၃.၁၂) တင်း ထွက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)