ပေါင်းတည်မြို့နယ်၌ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး အစည်းအဝေးကျင်းပ

ပေါင်းတည် ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ၂၀၂၄ ခုနှစ်၊ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေးကိစ္စအပါအဝင် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရေးတို့ကို အဖွင့်အမှာစကား​ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ကော်မတီဝင်ဌာနဆိုင်ရာများနှင့် ဆွေးနွေးမှာကြားသည်။

ထို့နောက် တာဝန်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တာဝန်ယူဆောက်ရွက်မည့် ကဏ္ဍများကိုတင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)