သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အစိုးရအသိအမှတ်ပြု နိုင်ငံပြင်ပရောက် ပြည်သူများ၏ ကြိုတင် ဆန္ဒမဲလက်မှတ်များ အား ဆန္ဒမဲပုံးအတွင်း ထည့်သွင်း ဆောင်ရွက်

အုတ်ဖို နိုဝင်ဘာ ၁

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့က အစိုးရအသိအမှတ်ပြု နိုင်ငံပြင်ပရောက် ပြည်သူများ၏ ကြိုတင်ဆန္ဒမဲ လက်မှတ်များအား ချိတ်ပိတ် ထားသည့် ဆန္ဒမဲပုံးအတွင်းသို့ ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆန္ဒမဲလက်မှတ်များမှာ ဟောင်ကောင်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနှင့် ကိုရီးယားနိုင်ငံတို့ရှိ သံရုံးများမှ ပြန်လည့်ပေးပို့လာသည့် ဆန္ဒမဲလက်မှတ်များဖြစ်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စား လောင်းများနှင့် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် စစ်ဆေးကာ ချိတ်ပိတ်ထားသည့် ကြိုတင်ဆန္ဒမဲပုံးအတွင်းသို့ ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)