ပဲခူး ဖေဖော်ဝါရီ ၉
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဘုရားကြီးစျေးတွင် မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြသခြင်းနှင့် ပညာပေးလက်ကမ်းလက်စာစောင်များ ပေးဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထို့သိုဆောင်ရွက်ရာတွင် ပဲခူးခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းသူဟန် ဦးဆောင်၍ ပဲခူးမြို့နယ်မီးသတ်ဦးစီးမှူး၊ ဒုမီးသတ်ဦးစီးမှူး၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့ဖြင့် ဘုရားကြီးစျေးရှိ ဈေးရုံ ၁၁ ရုံနှင့် ဆိုင်ခန်းပေါင်း ၄၈၄ ခန်းတို့မှ စျေးသူ/ သား ၆၀၀ ဦး တို့အား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြသခြင်းနှင့် ပညာပေးလက်ကမ်းလက်စာစောင်များ ဝေငှခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)