သာပေါင်းမြို့နယ်တွင် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်များ ညှိနှိုင်းအစည်း အဝေးကျင်းပ

သာပေါင်း      နိုဝင်ဘာ        ၁

သာပေါင်းမြို့နယ်တွင် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်များညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က သာ​ပေါင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲရုံး အစည်းအဝေးခန်း၌ တွေ့ဆုံကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှု အခြေအနေများ၊ နိုင်ငံရေးပါတီ ၀န်းရံသူများအနေဖြင့် သတ်မှတ်လူဦးရေထက် ကျော်လွန်မှု မရှိစေရေး၊ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့် စပ်လျဉ်း၍ ထပ်မံ အသိပေး ထုတ်ပြန်ကြေညာချက်များကို လည်း​ကောင်း၊ မဲရုံများနှင့် မဲရုံ၀န်ထမ်းများ၊ အထူးရဲများ စီစဉ်ဆောင်ရွက်မှု၊ မဲဆန္ဒရှင် ပြည်သူများ ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အသက်(၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ မဲရုံ၀န်ထမ်းများနှင့် အထူး ရဲများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ခိုင်လုံမဲ ပယ်မဲဆုံးဖြတ်ချက် ဖြေလျှော့ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီ အသီးသီးမှ မဲရုံလုံခြုံရေး၊ကြိုတင်မဲပုံး လုံခြုံရေး၊ အထူးရဲများ၏ လုပ်ငန်းတာ၀န်များ၊ မဲရုံကိုယ်စား လှယ်များခန့်ထားမှု အစီအမံများ၊ ရွေးကောက်ပွဲနေ့တွင် အ၀တ်အစားဆင်ယဉ်မှု အရောင်များ ကိစ္စတို့နှင့် ပတ်သက်၍ မေးမြန်း ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်အတွင်းရေးမှူး ဦးဇင်မင်းအောင်တို့က ပြန်လည်ဖြေကြားပေး ခဲ့ကြပြီး ကြိုတင်မဲလက်မှတ် စာအိတ်များအား ပါတီကိုယ်စားလှယ်များရှေ့တွင် ရေတွက်၍ ကြိုတင်ဆန္ဒမဲပုံးအတွင်း ထည့်သွင်း ၍ လုံခြုံရေးကြိုးများဖြင့် စနစ်တကျ ချိတ်ပိတ်ခြင်းများ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း