ရွှေဘိုမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြသခြင်းများပြုလုပ်

​ရွှေဘို ဖေဖော်ဝါရီ

​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံစာအုပ်စာစောင်ပြခြင်းများကို ယနေ့နံနက် (၁၀)နာရီက (အ.ထ.က)ခွဲ အ.လ.က(၁)ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ​ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်​အေးမြင့်စန်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်ခြင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ​ဒေါ်ခိုင်ဇင်က ​နွေရာသီ​ကျောင်းပိတ်ရက်တွင် အချိန်ကို အကြိုးရှိစွာ အသုံးချတတ်​စေရန် ကျောင်းသား၊ ကျောင်းသူ​လေးများအား စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာပေများကို အခမဲ့ငှားရမ်း​ပေး​နေကြောင်း၊ ​နွေရာသီ အ​ခြေခံအင်္ဂလိပ်စာ၊ ကွန်ပျူတာသင်တန်းများ အခမဲ့ဖွင့်လှစ်​ပေးမည်ဖြစ်​ကြောင်း​ ပြောကြားခဲ့ပြီး၊  (၇၇)နှစ်​မြောက် ပြည်​ထောင်စု​နေ့ကို ဂုဏ်ပြုထုတ်​ဝေသည့် သတင်းစကား လက်ကမ်းစာ​စောင်များကို ဖြန့်​ဝေ​ပေးခြင်းနှင့် အသိပညာ​ပေး နံရံကပ်စာ​စောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)