ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ဟုမ္မလင်း ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဖေဖော်ဝါရီ ​(၉)နံနက် (၈)နာရီမှ (၁၂)နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်းခုတင် (၁၀၀)ဆံ့ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေ၊ အရိုးအထူးကုဆရာဝန် ဒေါက်တာ မင်းဇော်အောင်၊ ဒေါက်တာ နန်းဝင်းအောင်နှင့် ဆရာ/ဆရာမများက သက်ကြီးရွယ်အိုးများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး ဆီးချိုး၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း (၁၃၅)ဦးအား အခမဲ့ စောက်ရှောက် ကုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှု အစီစဉ်တွင် ကျန်းမာရေးစစ်ဆေးမှုမခံယူမီ သက်ကြီးဘိုးဘွားများအား ကိုယ်ကာယ ကျန်းမာကြံခိုင်စေရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းကို ဦးတင်မောင်ဝင်း (HA1) က ဦးဆောင်လေ့ကျင့်​ပေးခဲ့ကြောင်းနှင့်  အာဟာရဒါန အနေဖြင့် ​ကြာဇံဟင်းခါးတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)