ရွှေဘို ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ညနေ(၃)နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးက ကျောင်းသားမောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေပျော်၍ စာတော်သောလူငယ်လေးများဖြစ်အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ပူးပေါင်းပါဝင်သည့် အလေ့အထကောင်းရရှိစေရန်၊အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ် ပိုင်းဆိုင်ရာများလည်း ခိုင်မာလာနိုင်မှာဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှုများရရှိကာ ချစ်ခင်ရင်းနှီးလာမှာဖြစ်ကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးမှာ ဖြစ်ကြောင်း၊ ဥာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများပေါ်ထွက်စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ် ကျင်းပပေးသွားမည်ဖြစ်ပြီးကြောင်း ပြောကြားခဲ့သည်။
ပြိုင်ပွဲတွင်ဘာရပ်အလိုက် အသင်း(၈)သင်းသည် (၈.၂.၂၀၂၄ မှ ၁၄.၂.၂၀၂၄) ရက်နေ့အထိ ကစားသွားမည်ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် ညွန့်ပေါင်းသင်းနှင့် ဘူမိဗေဒအသင်းတို့ယှဥ်ပြိုင်ကစားရာ ပါမောက္ခချုပ်နှင့် ဒုပါမောက္ခချုပ်၊ဌာနမှူး(ပါမောက္ခ)များ၊ သင်ကြားရေး ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင်(ပြန်/ဆက်)