ဘိုကလေး ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး ကျင်းပသော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲအား ဖေဖော်ဝါရီ(၈)ရက် ညနေ(၃)နာရီအချိန်၌ မြို့နယ်အောက်ပိုင်းဘောလုံး အားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့သည်။
အကြိုဗိုလ်လုပွဲအား ဖေဖော်ဝါရီ(၈)ရက်နေ့နှင့် (၉) ရက်နေ့ (၂)ရက်တာ ယှဉ်ပြိုင်ကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီ(၈)ရက်နေ့ ပွဲစဉ်၌ မြင်းကကုန်းအသင်းနှင့် မြို့မ(က)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ မြင်းကကုန်းအသင်းက မြို့မ (က) အသင်းအား (၄) ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် မြင်းကကုန်းအသင်းအနေဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး မြို့မ(က)အသင်းအနေဖြင့် တတိယလုပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယနေ့ ဖေဖော်ဝါရီ(၉)ရက်နေ့တွင်ကျင်းပမည့် ဒုတိယနေ့ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် မြို့မ(ခ)အသင်းနှင့် ဘုရားချောင်းအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းပွဲစဉ်တွင်အနိုင်ရရှိသည့် အသင်းအနေဖြင့် မြင်းကကုန်းအသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းနှင့် ရှုံးနိမ့်သည့်အသင်းအနေဖြင့် မြို့မ (က) အသင်းနှင့် တတိယလုပွဲအား ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ (က) အုပ်စုအဖြစ် ကြိမ်ချောင်းကြီးအသင်း၊ မြင်းကကုန်းအသင်း၊ ပိုက်စလအသင်း၊ ရွာသစ်အသင်း၊ မြိုမ(ခ)အသင်း၊ (ခ) အုပ်စုအဖြစ် ဘုရားချောင်းအသင်း၊ ဖိုးဒီကွဲအသင်း၊ ဒေါင့်ကြီးအသင်း၊ မြို့မ (က) အသင်း စုစုပေါင်း (၉) သင်းတို့ပါဝင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဇန်နဝါရီ (၂၂) ရက်မှစတင်ကာ အုပ်စုပတ်လည်ပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ကြရာ ယခုအကြိုဗိုလ်လုပွဲများသို့ မြို့မ (က) အသင်း၊ မြို့မ(ခ)အသင်း၊ မြင်းကကုန်းအသင်းနှင့် ဘုရားချောင်းအသင်းတို့ တက်ရောက်နိုင်ခဲ့ကြပြီး ယခုကျင်းပနေသည့် အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ပြီးဆုံးပါက ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် တတိယလုပွဲနှင့် ဖေဖော်ဝါရီ(၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဗိုလိလုပွဲယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)