လဟယ်မြို့တွင် ကော်ဖီစိုက်တောင်သူများအားကွင်းပြပွဲနှင့်ဟောပြောပွဲကျင်းပ

လဟယ် ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသစိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသောအရည်အသွေးကောင်း ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးနည်းစနစ်ကို လှေကားထစ်ဖော် စိုက်ပျိုးထားသော လဟယ်-ဟွေထိုက် အထွက်ဘက်တောင်သူဦးဆန်းဦး စိုက်ခင်းတွင် ကော်ဖီစိုက်တောင်သူများအား ကွင်ပြသခြင်းနှင့် ကော်ဖီစိုက်နည်းအသိပညာပေးဟောပြောပွဲ ယနေ့ မွန်းလွဲ (၁၃) နာရီအချိန် အဆိုပါစိုက်ခင်း၌ ကျင်းပသည်။

ရှေးဦးစွာ နာဂဒေသ စိုက်ပျိုးရေးတာ၀န်ခံဦးသိန်းထွန်းတင်က အရည်အသွေးကောင်း ရေရှည်တည်တံ့သောကော်ဖီစိုက်ပျိုးနည်းစနစ် ကိုတောင်သူများအား အသိပညာပေးဟောပြောပါသည်။ ထို့နောက်စနစ်တကျလှေကားထစ်ဖော်ကာ ကော်ဖီပင်များစိုက်ပျိုးထားသော ကော်ဖီစိုက်ခင်းအား လေ့လာပြသပြီး တက်ရောက်လာကြသော တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့ထုပ်နှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ ဒေသအတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့၀င်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ) ဥက္ကဋ္ဌဦးသိန်းမင်းနှင့်အဖွဲ့၀င်များ၊ ဒေသစိုက်စိုက်ပျိုးရေးတာ၀န်ခံဦးသိန်းထွန်းတင်နှင့် ရုံး၀န်ထမ်းများ ကော်ဖီစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)