ဝါးခယ်မမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေချောင်းကြီးကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဝါးခယ်မ ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ပေချောင်းကြီးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီအချိန်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေချောင်းကြီးကျေးရွာကွန်ကရစ် ဘီးလမ်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ထိုအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးနေဇော်ထက်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများတက်ရောက်ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးနေဇော်ထက်မှ ပေချောင်းကြီးကျေးရွာတွင် (VDP) စီမံကိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သည့် ကွန်ကရစ်ဘီးလမ်းအား အသေးစိတ်ရှင်းလင်းပြောကြား ခြင်း၊ ပေချောင်းကြီးကျေးရွာဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ယင်းကွန်ကရစ် လမ်းသစ်အား ဖဲကြိုဖြတ်ဖွင့်လှစ်၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်ဘီးလမ်းသစ်သည် အရှည် ၁၅၀၀ ပေ၊ အကျယ် ၂ ပေခွဲ၊ ထုထည် ၆ လက်မရှိပြီး ၎င်းကျေးရွာ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)