မြို့သစ် ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ၏ ဥာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အဆိုပါ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-3 ကျောင်းသား/ကျောင်းသူ (၁၀) ဦးက မိုးသောက်ပန်းဂျာနယ်၊ အတွဲ (၂၅)၊ အမှတ် (၂၁) ပါ စာရေးသူနိုင်မြင့် ရေးသားသည့် " မောင်ပညာ၏ အကြံအစည်" ပုံပြင်ဖြင့် အသီးသီးဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန် ( ပြန်/ဆက်)