သရက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းဆင့်ပုံပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

သရက် ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့်ပုံပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် စာအုပ်ပြပွဲကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Center ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၂)ဆု ရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေနှင့် တာဝန်ရှိသူများက ချီးမြှင့်ရာ ဆုရရှိသည့် ကျောင်သား/ကျောင်းသူများက လက်ခံပေးခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ(၈)ဦးအား ဒုတိယဦးစီးမှူးက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆုပေးပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူလေးများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်ပြပွဲအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)