အောင်လံ ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများအကြောင်း ရှင်းလင်းပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းနွယ်က ကလေးအလုပ်သမား အကြောင်းအရာများ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ အလုပ်လုပ်ချိန်နှင့်ပတ်သတ်သည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် မြန်မာနိုင်ငံတွင် စီမံဆောင်ရွက်ထားမှုများ၊ ကလေးအလုပ်သမားများအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းများနှင့် ပတ်သတ်သည့်အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)