ရေကြည် ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အင်းလျားကုန်းကျေးရွာအုပ်စုတွင် ယမန်နေ့ည (၁၁) နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာဒေါ်စန်းစန်းဦး၏ နေအိမ်၌ယမန်နေ့ည (၁၁) နာရီခွဲအချိန်ခန့်က နောက်ဖေးမီးဖိုချောင်မီးကြွင်းမီးကျန်မှအပူလွန်ကဲပြီး နေအိမ်ကိုမီးကူစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ ရေကြည်မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူးဦးစိုးနိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီးဖြင့်သွားရောက်မီးငြိမ်းသတ်ရာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ဒေါ်စန်းစန်းဦးပိုင်ဆိုင်သော သွပ်မိုး၊ ထရံကာ၊ ဝါး ကြမ်းခင်း၊ (၃)ပင် (၂)ခန်း၊ အလျား (၁၅)ပေ၊ အနံ (၁၂) ပေခန့် နေအိမ်(၁)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန်များ ထိခိုက်/သေဆုံးမှုမရှိကြောင်း၊ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ မီးအားပေါ့ဆစွာအသုံးပြုသူ ဒေါ်စန်းစန်းဦးအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)