ရွှေဘို ဖေဖော်ဝါရီ ၉
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေး ဟောပြောပွဲနှင့် နံရံစာအုပ်စာစောင်မိတ်ဆက်ခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီက ဘူတာ အ.မ.က ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်ခြင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်က ကျောင်းသား၊ ကျောင်းသူလေးများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများ အသိပညာတိုးပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာပေများကို ဖတ်ကြားပြကာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း